ပီယဆေးပုလွေ
ကျွန်တော်ဒီနေ့ ပီယဆေးပုလွေအကြောင်းတင်ပေးမယ်..။
မကောင်းတဲ့နေရာမှာတော့အသုံးမချနဲ့ပေါ့ဗျာ..။
ဆေးပုလွေလုပ်မယ်ဆိုရင် .. အရင်ဆုံး သနပ်ဝါးကို ပုလွေ ဖြစ်အောင်လုပ်ရမယ်..။ သချိုင်းက သံ နဲ့ အပေါက်ဖောက်ပြီး သချိုင်းက မြေဖယောင်းနဲ့ လျှာခင် လုပ်ရမယ်..။ ကျီးမနားထန်း၇ွက် ကိုပိတ် ..။
လူသေရဲ့ခြေမကြိုးလက်မကြိုးကို စီးပြီး ၇ ရက် ဥပုသ် စောင့်ရမယ်..။
ဥပုသ် စောင့်ပြီးမှ ( ဥုံ ကပ်ကပ်သွား ဥုံ ဥုံ ------- ဥုံ ဥုံ ------- ဥုံ ) ဆိုတဲ့ဂါထာကို ပုလွေ အပေါ်ကနေရေးရတယ်..
( ဥုံ နတ်သရဲ ---- ------ ----- ) ဆိုတဲ့ ဂါထာကို ပုလွေ အောက်ကရေးရတယ်..။ ရေးတဲ့အခါမှာလည်း နေကောင်းရက်သာရွေးရတယ်..။ ရေးပြီးရင် ပုလွေကို သစ်စေးသရိုးကိုင် ထားရမယ်..။ အစိမ်းသေသေတဲ့မသာ အခေါင်းမြေအကျခင် အခေါင်းထဲကို ထည့်လိုက်..။မြေချတဲ့အခါ မြေပုံကို မှတ်ထား ညသန်းခေါင်တိုင်တာနဲ့ ..
သချိုင်းကိုသွားပြီး သားစိမ်း ငါးစိမ်း ထမင်းဖြူ ထမင်းနီနဲ့ သချိုင်းစောင့်ကို ကျွေးမွေးရမယ်.. သုဘရာဇာ ကိုပြောတာမဟုတ်ဘူးနော်.. မမြင်ရတဲ့ အစောင့်အရှောက်ကိုပြောတာ..။ ပြီးရင် ကိုယ်မှတ်ထားတဲ့မြေပုံကိုသွား..။
အစိမ်းသေကို ဖုတ်သွင်းဖို့ ဂါထာ နဲ့ မန်းပြီး နိုးရမယ်.. မြေပုံထဲကနေ အလောင်းထွက်လာပြီးထိုင်တာနဲ့ အာဏာကိုသုံး ပုလွေကိုမှုတ်ခိုင်းရမယ်..။
ပြီးရင် အဲ့ပုလွေကို လုယူပြီးတော့ပြေးပေတော့...
ရပြီဆိုရင်.. ကိုယ်ကြိုက်တဲ့မိန်းခလေးကြားနိုင်အောင် သူ့အနားသွားပြီး .. သူ့နာမည်ကို တ လို့ ပုလွေကိုမှုတ်လိုက်.. အဲ့မိန်းခလေး ဘယ်လိုမှနေလို့မရထိုင်လို့မရဖြစ်ပြီး.. လိုက်လာစေတယ်....။
ဒီနည်းကို ဗဟုသုတအနေနဲ့ပဲတင်ပေးတာနော်.. ကျွန်တော် ----- ခံထားတဲ့ နေရာက စာသားတွေကို မသိချင်ပါနဲ့..။ သိတဲ့သူတွေကလဲ comment မှာမချန်ထားဖို့ တားပါရစေ...။ အားလုံး ကျန်းမာကြပါစေ...။
အားလုံးကို ကျေးဇူးပါ..။. ( နတ်ဆိုး) ...
0 Comments