Ad Code

မစိမ်းကားပါနဲ့ချစ်သူရယ် - Don't be stupid my love

တစ်နေ့ကကောင်မလေးတစ်ယောက် ကျွန်တော့်ကို ဗေဒင်မေးလာတယ်။ 

မေးခွန်းက ... '' သူမရဲ့ချစ်သူက  သူမအပေါ်ဘာလို့စိမ်းကားသွားရသလဲ ... ? တဲ့။ အမေးလွယ်သလောက် တွက်ရချက်ရစဉ်းစားတွေးခေါ်ရလွန်းပြီးအဖြေရခက်တဲ့မေးခွန်းပါ။ သူမက ကျွန်တော့်ရဲ့ မင်ဘာလည်းမဟုတ်၊ paid နဲ့မေးသူလည်းမဟုတ်တော့ ဒီမေးခွန်းမျိုးကို အချိန်ကုန်ခံပြီးမဖြေခဲ့ပါဘူး။ ( ဟဲ ဟဲ ... ဟုတ်တယ်လေ ... ကိုယ်ကကွန်ပြူတာကို အချိန်ပိုင်းနဲ့ပိုက်ဆံပေးသုံးနေရတဲ့ဟာ .... စဉ်းစားရတဲ့မေးခွန်းမျိုးတွေပြန်အဖြေပေးနေလို့ ဘယ်ဖြစ်မလဲ ... ) ဒါပေမယ့်
... ဆောင်းပါးအတွေးတစ်ခုတော့ပေါ်လာတယ်။ 
ချစ်သူချင်းနားလည်မှုတစ်ခုခုကြောင့် ကွဲမလို၊ ကွာမလို၊ ပြတ်မလို၊ စိမ်းကားသလိုလို၊ ရှောင်ဖယ်သလိုလိုဖြစ်လာရင် အဆင်ပြေအောင်ယတြာဘယ်လိုလုပ်မလဲ ... ? မသိသူအတွက်အခက်ကြီးခက်လှပေမယ့် ဗေဒင်ဆရာကျွန်တော့်အတွက်တော့ လွယ်သမှ သိပ်သိပ်လွယ်။ အရင်ဆုံး အင်္ဂဝိဇ္ဇာပညာအရ ကိုယ့်ချစ်သူရဲ့မွေးနံပန်းနဲ့ ကိုယ့်မွေးနံပန်းကို ရှာယူရမယ်။ ဥပမာ ... စနေသမီးအပေါ် တနင်္ဂနွေသားက စိမ်းကားနေရင် ... စနေနံ နှင်းဆီ ( ၇ ) ပွင့်၊ တနင်္ဂနွေနံ အုန်း ( ၁ ) ညွန့်ပေါင်းပြီးဖန်ခွက်တစ်ခုထဲထည့်၊ ရေထည့်ပြီး မိမိရဲ့မွေးနေ့မနက် ( ၉း၄၅ ) မှာဘုရားတင်လှူရမယ်။ ပြီးရင်စိပ်ရမယ့် ပုတီးစိပ်ဂမ္ဘီရသံစဉ်က ... အေရွန် ( AEUNN ) ၁၀၈ ခေါက်၊ ပြီးမှဆုတောင်းပေါ့။ ၁၀၈ ခေါက်ဆိုတာ တကယ်ရွတ်ရင်ဘာမှမကြာပါဘူး။ ဒီလိုမွေးနေ့တိုင်း သုံးပတ်လောက်လုပ်လိုက်ရင် အဲဒီကိစ္စဟာအဆင်ပြေပါသတဲ့ဗျာ ... ။

One day a girl asked me for fortune telling. The question is...''Why did her lover go crazy on her...? that. As simple as the question is, it is a question that requires a lot of thinking and is difficult to answer. She is not my love, I'm not a paid questioner, so I didn't waste my time answering this question. (Heh heh... yes... I'm using the computer part-time and paying for it.... because I'm answering questions that I think about...) But
... an idea for an article appeared. I don't need to break up because of some mutual understanding. no distance no need to cut like green If you want to avoid it, how do you make it convenient...? It's very difficult for someone who doesn't know, but for me, an astrologer, it's easy or very easy. First of all, you have to find your lover's birthstone and your own birthstone. For example... if Sunday's son is green on Saturday's daughter... Saturday's rose (7) blooms. Sunday coconut (1) combined and put in a glass, Add water and offer it to God on the morning of your birthday (9:45). Then the rosary that will be recited is the sound of the rosary...Aeron (AEUNN) 108 times. And then pray. 108 folds really doesn't take long. If you do this for three weeks every birthday, that matter will be fine...

Post a Comment

1 Comments

  1. ၁၀၈လုံးပုတီးနဲ့စိပ်ရမှာပါလားရှင် ဆရာ

    ReplyDelete

Close Menu